Free Fire Garena Shells Voucher
Garena Shells ဖြင့် Free Fire Game အား Top-Up လုပ်ဆောင်နည်း။
မှတ်ချက် : ဒီနေရာမှာ Free Fire အတွက် စိန်များကို တိုက်ရိုက် ငွေဖြည့်နိုင်ပါတယ်
Free Fire အတွက် စိန်တွေကို Garena Shells ကို အသုံးပြုပြီး ဝယ်ယူနိုင်ပါတယ်။ သင်ဝယ်ယူလိုတဲ့ ပမာဏကို ရွေးချယ်ပေးပါ၊ ငွေပေးချေမှုပြီးဆုံးအောင် ပြုလုပ်ပါ၊ အီးမေးလ်လိပ်စာကို မှန်ကန်အောင်ထည့်ပါ။ ငွေပေးချေမှုပြီးတာနဲ့ Voucher code တွေဟာ သင့်အီးမေးလ်ထဲကို တစ်ပြိုင်နက် ရောက်ရှိနေမှာဖြစ်ပါတယ်။
Garena Shells Voucher ကို Free Fire အတွက်စိန်အဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ ဒီနေရာမှာကြည့်ပါ။
အဆင်ပြေတဲ့ ငွေပေးချေမှုတွေဖြစ်တဲ့ MPT, ATOM, Ooredoo, Visa Mastercard တို့ကို အသုံးပြုပြီး ငွေပေးချေနိုင်ပါတယ်။ Credit ကတ် ၊ မှတ်ပုံတင်ခြင်း နှင့် Login ဝင်ရခြင်း စသဖြင့် ဆောင်ရွက်ရန်မလိုပါ။
ဘောက်ချာ ရွေးရန်
ငွေပေးချေမှု ရွေးရန်
ဝယ်မည်
Garena Shells ကို အသုံးပြုပြီး Free Fire အတွက် စိန်များကို မြန်မာနိုင်ငံမှာ ဝယ်ယူလိုက်ပါ
သင့်အနေနဲ့ FreeFire ဂိမ်းအတွက် စိန်တွေကို ဝယ်ယူမယ်ဆိုရင်တော့ စက္ကန့်ပိုင်းအလိုသာ ကြာမြင့်မှာဖြစ်ပါတယ်။ Free Fire မှာ စိန်တွေကိုအသုံးပြုပြီးတော့ Premium Booyah Pass ဆုချီးမြှင့်မှုတွေ၊ အိမ်မွေးတိရစ္ဆာန် နဲ့ သေနတ်တွေ၊ Skin တွေ အစရှိသဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ Codashop ကနေ Free Fire စိန်တွေကို ဝယ်ယူခြင်းက လွယ်ကူပြီးတော့ စိတ်ချရပါတယ်။ Codashop ဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ မီလီယံနဲ့ချီတဲ့ ဂိမ်းကစားသူတွေဆီကနေ ယုံကြည်မှုအပြည့်အ၀ ရရှိထားတာဖြစ်ပါတယ်။ Codashop ကနေ စိန်တွေဝယ်ယူမယ်ဆိုရင်တော့ ခရက်ဒစ်ကဒ် အသုံးပြုစရာမလို ၊ Login ဝင်စရာမလိုတာကြောင့် အဆင်ပြေစေပါတယ်။ ဒီတော့ အခုပဲ ဝယ်ယူလိုက်ကြရအောင်။
Free Fire အကြောင်း
Free Fire ဟာ နောက်ဆုံးကျန်ရစ်သူတစ်ယောက်အဖြစ်
စွန့်စားပြီးကစားရမယ့် မိုဘိုင်းဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ကစားသမားတွေကို ၁၀မိနစ်တစ်ကြိမ် ဝေးလံခေါင်ဖျားပြီး လူသူမရှိတဲ့ ကျွန်းတွေပေါ်မှာနေရာချပေးကာ တစ်ခြားသော ကစားသမား ၄၉ ယောက်ကိုရင်ဆိုင်တိုက်ခိုက်စေပြီးတော့ နောက်ဆုံးအသက်ရှင်ကျန်သူဖြစ်ဖို့ အတွက်ကစားရမှာဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ လေယာဉ်ပေါ်ကနေ မိမိခုန်ဆင်းမည့်နေရာကို လေထီးအသုံးပြုကာရွေးချယ်ပေးပြီးတော့ စိတ်ချရတဲ့ ဇုန် (safe zone) မှာတတ်နိုင်သမျှ ကြာကြာနေရမှာဖြစ်ပါတယ်။ မိမိရောက်ရှိနေတဲ့မြေပုံပေါ်မှာဘာတွေရှိလဲဆိုတာ စူးစမ်းလေ့လာဖို့အတွက် လမ်းလျှောက်သွားတာ၊ ဒါမှမဟုတ် ကားမောင်းတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ချုံခိုတိုက်ခိုက်တာတွေနဲ့ တစ်ခြားသော ချောင်းမြောင်းပစ်တာမျိုးတွေလည်းရှိတာကြောင့် တတ်နိုင်သမျှ ရှောင်တိမ်းပြီး ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့လိုအပ်ပါတယ်။
• OS: Android 4.0.3 or iOs 8.0 နှင့်အထက်
• Storage: 1.1 GB
• RAM: 2GB တို့ဖြစ်ပါတယ်။
Free Fire မှာ စိန်တွေ ဘယ်လိုဖြည့်မလဲ ?
- ဒီနေရာကို အရင်နှိပ်ပါ။ ဝယ်ယူလိုတဲ့ ပမာဏကိုရွေးချယ်ပါ။
- မိမိကြိုက်နှစ်သက်ရာ ငွေချေစနစ် MPT, ATOM, KBZPay, Ooredoo, Visa Mastercard တွေနဲ့ ပေးချေလိုက်ပါ။
- ငွေပေးချေမှုပြီးဆုံးဖို့အတွက် "အခုဝယ်မည်"ကို နှိပ်ပါ။
- ဘောက်ချာကုဒ်အချက်အလက်များကို သိမ်းဆည်းပြီး Garena Shells များကို Free Fire စိန်များအဖြစ် ဒီနေရာတွင် ပြောင်းလဲပါ။
Garena Shells ကို Free Fire စိန် အဖြစ်ဘယ်လိုပြောင်းမလဲ ?
- https://shop.garena.com/ ကိုသွားပြီး ပုံမှာဖော်ပြထားတဲ့အတိုင်း ဝင်ရောက်ပါ။ "Free Fire" ဂိမ်းကိုရွေးချယ်ပေးပါ။
- Garena PPC ကိုရွေးပြီးတော့ သင်ရရှိထားတဲ့ ဘောက်ချာကုဒ်အချက်အလက်တွေကို ထည့်ပါ။
- ပြောင်းလဲခြင်းကိုအပြီးသတ်ဖို့ အတွက် "Confirm"ကိုနှိပ်ပါ။
Booyah Pass ကို Free Fire မှာ ဘယ်လိုဝယ်ရမလဲ?
Booyah Pass ကို Free Fire မှာစိန်အသုံးပြုပြီးဝယ်ရတာအရမ်းလွယ်ပါတယ်! Premium အတွက် စိန် 399 လုံး နှင့် Premium Plus ဆိုရင်တော့ စိန် 899 လုံးဖြည့်လိုက်ရုံပါပဲ။
- ၁။ Free Fire စိန်ဝယ်ရန်အတွက်ဤနေရာကိုနှိပ်ပါ။
- ၂။ Premium သို့မုတ် Premium Plus အတွက်စိန်ပမာဏအလုံအလောက်ရှိပါက Free Fire app ထဲသို့ login ဝင်လိုက်ပါ။
- ၃။ Free Fire ပင်မစာမျက်နာဘယ်ဘက်အောက်ဘက်ရှိ "Booyah Pass" ကိုနှိပ်ပါ။
- ၄။ "Upgrade" ကို နှိပ်ပြီး စိန် 399 လုံးတန် Premium ကို ဝယ်ယူပါ သို့မဟုတ် စိန် 899 လုံးတန် Premium Plus ကို ဝယ်ယူပြီး ဆုလက်ဆောင်များ ထပ်မံရယူလိုက်ပါ။
ကဲ ဒါဆိုရင်တော့ ဂိမ်းရဲ့မစ်ရှင်များနှင့် စိန်ခေါ်မှုများကို ပြီးမြောက်ခြင်းဖြင့် Booyah Pass ဆုလာဘ်များကို စတင်ဖွင့်ပါ။
မှတ်ချက်- Booyah Pass စျေးနှုန်းသည် ကြိုတင်အသိပေးချက်မရှိဘဲ ပြောင်းလဲနိုင်ပါသည်။ ပိုမိုတိကျသောပမာဏအတွက် သင်၏ Free Fire အကောင့်ကို စစ်ဆေးပါ။